Sunday, January 6, 2013
ဂဏန်းနဲ့ဆော့ကစားသူများ
တောင်ကျချောင်းရေကဲ့သို အရှိန်အဟုန်ဖြင့်စီးဆင်း
လွပ်လပ်ခြင်းတွေနဲ့ နှင်ခဲ့တဲ့ ခရီးပြင်း
မာမာထန်ထန်နဲ့ မျှောလို့လာလိုက်တာ
ကိုယ့်ရှူးကိုယ်ပတ် တဲ့အထိ
အခုတော့ ခေတ်ကျန်ခဲ့တာလား ခေတ်နောက်လိုက်တာလား
ခါးခါးသီးသီးငြင်းလို့ ရောက်တဲ့အရပ်မှာနေခဲ့ပါတယ်
ရန်သူတစ်အုပ်နဲ့ ဝပ်ကျင်းမှန်းတော့ မသိခဲ့ဘူး
လှေမျောလို့လှေနဲ့ပဲ လိုက်ခဲ့ကြတာပဲ
လူမျောလေတော့ ဘာနဲ့လိုက်ဖို့စဉ်းစား
ဓါတ်ဆီနဲ့မီးခြစ် မအပ်စပ်ပေမယ့် လိုက်ဖက်မှုရှိတယ်
ပဲပင်ပေါက်နဲ့ပဲပြား ကြာကြာဝါးနေပေမယ့် ခါးမှန်းတော့သတိမရတော့ဘူး
ဆိတ်ဆိတ်နေကြလျက် ဝမ်းတထွာအရေး လုံးပမ်းလိုက်ကြ
မမိနိုင်တဲ့ငါးတွေကို စိတ်ကူးနဲ့ဖမ်းနေကြပေါ့
လွတ်တဲ့ငါးကကြီး ဂဏန်းနှစ်လုံးအာရုံဖမ်းစမ်း
ဘုရားလည်းမနေအား ဘုန်းကြီးလည်းမနေအား
တို့လူမျိုးများ ကစားစရာရှားလို့ ဂဏန်းနဲ့ကစားကြ
ဂဏန်းညှပ်မှ “အမိ”တ ဘဝ ဘဝလို့ရွတ်ကြ
သောကတွေများရတဲ့ ဒီအားတိုင်းကစားတဲ့အားကစား
ဘယ်တော့များမှ အနားရကြမယ်မသိ
အိမ်ကွဲ လူကွဲ ဘဝတွေကွဲ အသိုက်မမြဲလို့နေပေမယ့်
ဒါကမှ လူရာဝင်သလို အပျိုအအိုအကိုတွေ
ဇီးကွက်စီပွားရေးစနစ်ထွန်းကားလာ ဖာသိဖာသာနေကြ
ဒီနေ့ကတော့ ပူးလိုက် ပေါင်းလိုက် ခွလိုက်နဲ့ စိတ်ပျက်စရာနေ့ပဲလေ..။
ကျော်ဦး (လှိုင်)
ကျနော်မပိုင်ခဲ့သော ပစ္စည်းစာရင်း
လွန်ခဲ့သော အချိန်ပိုင်းများမှတဆင့်
လွန်ခဲ့သော နှစ်များဆီသို့....
မိုးသောက်ယံလွမ်းချင်းတစ်ခု
မညှာမတာတွေးရင်း ရေးခဲ့မိတယ်
ကိုယ့်ဘေးက ရဲဘော်ရဲဘက်
ဘောပင်နဲ့စာရွက်က ကိုယ့်ကိုရန်လုပ်နေခဲ့
ကိုယ်မြတ်နိုးတဲ့ ဂစ်တာတစ်လက်က
ကိုယ့်အတွက် ကြိုးတွေ အဆင်သင့်ပြတ်ပေးနေခဲ့
အစီခံမရှိတော့တဲ့ စီးကရက်တစ်လိပ်က
သူ့ကိုယ်သူမီးရှို့ရင်းနဲ့ ကိုယ့်အတွက်
တစ်ပိုင်းတစ်စ ငိုချင်းတွေချနေရဲ့
ကိုယ်ရဲ့ကိုယ်တွင်းက သက်ပြင်းတစ်ချု့်
အရှိန်ခပ်ပြင်းပြင်းနဲ့ စီးဆင်းသွားချိန်
ကိုယ့်ရဲ့မပိုင်ဆိုင်တဲ့ လေတစ်ချို့ကို ဖမ်းနေခဲ့တယ်
မနက်ခင်းရဲ့ နိုးထမှုနဲ့ပြန်ဆန်းစစ်တော့
ကိုင်တွယ်မှုကို စေခိုင်းစရာ လက်နှစ်ဖက်
ကိုယ်မကြိုက်တဲ့အရာတွေ အနားကခွာဖို့ ခြေနှစ်ဖက်
ကိုယ့်ရဲ့စိတ်ခံစားမှုတွေ အတွက်
တစ်နေ့ကို အကြိမ်တစ်သိန်းကျော်ခုန်နေတဲ့
ပင်ပန်းနေတဲ့ နှလုံးသားတစ်ခု
ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံးအတွက်
ပညတ်နာမ တစ်ခုရယ်....
တကယ့်တော့....
အဲဒါတွေက ကိုယ့်ကို ဂျစ်ကန်ကန်လုပ်နေခဲ့တယ်..။
ကျော်ဦး (လှိုင်)
ကျနော် ငိုနေပါတယ်
ကျနော်ငိုနေတယ်..
ဒဏ်ရာရနေတဲ့ ကမ္ဘာကြီးအတွက်
ကျနော်နဲ့ ထပ်တူစီးမျောရင်းပေါ့
ကျနော်ငိုနေတယ်..
ကျနော့်လက်က ကျကွဲတော့မယ့် ကဗျာအတွက်
နုတ်ဆက်လက်ပြဖို့ ကြိုးစားရင်းပေါ့
ကျနော်ငိုနေတယ်...
ပိုင်ဆိုင်ခွင့်မရှိတဲ့ ဆံနွယ်လေးအတွက်
ဆံခြည်တစ်မျှင်မလျော့ခဲ့ပါဘူး
ကျနော်ငိုနေတယ်....
သိပ်ကြားချင်တဲ့ ခေါ်သံလေးအတွက်
နှမြောတသစွာနဲ့ပါပဲ
ကျနော်ငိုနေတာ.....
အပ်တစ်ထောက်စာ အရေပြားလေးအတွက်
ကိုယ့်စိတ်နဲ့ကိုယ် တရားလက်လွတ်ပါပဲ
အဆုံးသတ် ငိုခဲ့ပါတယ်
ခက်ခဲလှတဲ့ ဆုံးဖြတ်ချက်တွေအတွက်
ပြေးမထွက်ချင်တဲ့ လမ်းပေါ်ကနေ
နာကြည်းမှုကင်းစွာနဲ့ အပိုင်ပေးလိုက်ရတဲ့ အရာတွေအတွက်
ကျနော် ငိုနေပါတယ်လေ...။
ကျော်ဦး (လှိုင်)
ဒဏ်ရာရနေတဲ့ ကမ္ဘာကြီးအတွက်
ကျနော်နဲ့ ထပ်တူစီးမျောရင်းပေါ့
ကျနော်ငိုနေတယ်..
ကျနော့်လက်က ကျကွဲတော့မယ့် ကဗျာအတွက်
နုတ်ဆက်လက်ပြဖို့ ကြိုးစားရင်းပေါ့
ကျနော်ငိုနေတယ်...
ပိုင်ဆိုင်ခွင့်မရှိတဲ့ ဆံနွယ်လေးအတွက်
ဆံခြည်တစ်မျှင်မလျော့ခဲ့ပါဘူး
ကျနော်ငိုနေတယ်....
သိပ်ကြားချင်တဲ့ ခေါ်သံလေးအတွက်
နှမြောတသစွာနဲ့ပါပဲ
ကျနော်ငိုနေတာ.....
အပ်တစ်ထောက်စာ အရေပြားလေးအတွက်
ကိုယ့်စိတ်နဲ့ကိုယ် တရားလက်လွတ်ပါပဲ
အဆုံးသတ် ငိုခဲ့ပါတယ်
ခက်ခဲလှတဲ့ ဆုံးဖြတ်ချက်တွေအတွက်
ပြေးမထွက်ချင်တဲ့ လမ်းပေါ်ကနေ
နာကြည်းမှုကင်းစွာနဲ့ အပိုင်ပေးလိုက်ရတဲ့ အရာတွေအတွက်
ကျနော် ငိုနေပါတယ်လေ...။
ကျော်ဦး (လှိုင်)
Thursday, January 3, 2013
ညတစ်ခုရဲ့သရုပ်ဖော်တေး
အလင်းရောင်စတင်ကျရောက်တဲ့ အခန်းတွင်း
တစ်ခစ်ခစ်ရယ်သံနဲ့ ကလေးမ စင်သီယာ
သူ့လက်ထဲက ငွေတစ်ချို့က သွေးသံရဲရဲ
မျက်နှာမွှဲမဖြစ်စေချင်လို့ မျက်နှာလွဲပြီးခဲမပစ်ရက်ခဲ့
ခံယူချက် တစ်ချို့ကိုမေးကြည့်တော့လေ
အဲဒီစင်သီယာကပဲ.....
အသွေးအသားဈေးတွေ ကောင်းနေတယ်တဲ့
အဲဒီစင်သီယာကပဲ.....
ကုန်ဈေးနှုန်းတွေ ကောင်းနေတယ်တဲ့
အဲဒီစင်သီယာကပဲ.....
မိသားစုကို ထမ်းပိုးထားရတယ်တဲ့
ငါမြင်လိုက်ရတယ် စင်သီယာ..
မင်းနှလုံးသားဆီက ဒဏ်ရာနက်တွေ
ရောင်းစားလိုက်ရတဲ့ နုပျိုခြင်းတွေ
ဦးတည်ရာမဲ့သွားတဲ့ ရည်ရွယ်ချက်တွေ
ဆုံးရှုံခြင်းများစွာနဲ့ မင်းကိုပေါ့ စင်သီယာ..
ကိုယ်ချင်းစာပါတယ် စင်သီယာရေ...
မြင်တွေ့ခဲ့ရတဲ့ မင်းရဲ့ပူလောင်မှုတွေကို
အနာတွေက ရင်တလှပ်လှပ်နဲ့
မင်းကိုယ်မင်း စတေးရဦးမှာပေါ့ စင်သီယာ
ကံတရားက မျက်နှာလွှဲခဲပစ်မလုပ်မယ့်အထိပေါ့..။
ကျော်ဦး (လှိုင်)
အသက်ရှူမဝတဲ့ကဗျာ
စေစားလွန်းတဲ့ ကံတရားက အရိပ်နေနေ အခက်ချိုးချိုး
လောဘပဒေသာပင်ကြီးက သားရေပေါ်အိပ်သားရေနားစား
မကျေနပ်မှုတွေ ငြိမ်းချမ်းစွာနဲ့ပဲ ဆန္ဒပြ
လေထဲပစ်တဲ့ခဲကလည်း ပလုံခနဲထမြည်လို့မြည်
ခံစားချက်တွေက မြို့ပတ်ရထားတစ်ပတ် လက်မှတ်မပါပဲစီး
အိပ်မက်တွေက တရေးနိုးလို့ လမ်းထလျှောက်
ကုန်ဈေးနှုန်းတွေက ဆင်စီးလို့မြင်းရံနေတယ်
လူငယ်တွေက အဆီစားလို့အသားဖြစ်မထွန်း
သစ္စာတရားဆိုတာက ဘာကျက်ကျက်စားတဲ့ခေတ်
ရာသီဥတုက အနတ္တတရားကိုအပိုင်စားယူထားခဲ့
အလင်းရောင်တွေက နေ့မြင်ညပျောက်
ဝါဒတွေက သဘာဝနဲ့ အတိုက်အခံလုပ်
ကတ္တရာလမ်းတွေက ဆီမထည့်တဲ့ တံခါးလိုအော်
အဲဒါ အသက်ရှူလမ်းကြောင်း ပိုးကောင်ဝင်နေတဲ့အရပ်ပေါ့ဗျာ..။
ကျော်ဦး (လှိုင်)
နှင်းဝှက်တဲ့ဆောင်း
အိပ်မက်ဆိုးရဲ့ မျက်ရည်တွေက
အရှိန်အဟုန် ခပ်ပြင်းပြင်းအတိတ်တွေနဲ့
နှလုံးသားတစ်ခုဆီ တသွင်သွင်စီးနေခဲ့
ဒီဇင်ဘာ နိမိတ်ဆိုးတွေက
မကာရ ရဲ့ ရာသီစာတဲ့လား ညီမလေးနှင်းရေ
မျက်စိတစ်မှိတ်ဆိုတဲ့ ကာလလေးတစ်ခု
လူတစ်ချို့ကို မျက်ကွယ်ပြုပြီးတော့
ဖြူစင်မှုတွေကို စားသုံးခဲ့ကြဖူးတယ်လေ
ညီမလေးနှင်းရေ......
အဲဒီအပျိုဖော်ဝင်စ ဆောင်းကပြည့်စုံနေခဲ့ပေါ့
အဲဒီနေ့က မိုးတွေရွာတယ် ညီမလေးနှင်းရေ
ဆောင်းရဲ့သခင် နှင်းတွေပျောက်ခဲ့ခြင်းနောက်
အရောင်မွဲနေတဲ့ မျက်နက်ဝန်းနဲ့
တဆတ်ဆတ်တုန်နေတဲ့ ဖြူစွတ်စွတ်နုတ်ခမ်း
ဘုရားသခင်ရဲ့ မတရားမှုအောက်မှာ
နုတ်ဆက်စကားတွေ ဆိုချင်သတဲ့လားကွယ်
ဟုတ်တယ် ညီမလေးနှင်းရေ...
ဒီနှစ်ဆောင်းလည်း မိုးသက်မုန်တိုင်းကျခဲ့ပေါ့
အလွမ်းတွေ စီတန်းလို့နေရာယူပေမယ့်
ကျန်နေတဲ့ အသက်ဓါတ်လေးအတွက်
ဆက်လက်ရှင်သန်နေရဦးမယ်လေ
ဒါပေမယ့်.. ညီမလေးနှင်းရယ်
ဒီဆောင်းက မုဆိုးဖိုဆန်လွန်းနေတယ်ကွယ်
ညီမလေးနှင်းရေ...
အေးစက်စက် ထုံကျင်ကျင် အမှတ်တရတွေနဲ့
ကိုယ့်ရဲ့ဆောင်းတွင်းက ခေတ်ပျက်နေခဲ့ပေါ့
အဲဒီဆောင်းမှာ.. ရင်ငွေ့နွေးနွေးမရှိတော့ဘူး
ထိုင်နေကျ ခုံတန်းလေး မရှိတော့ဘူး
အနမ်းတစ်ခုလွမ်းနေတဲ့ ဆံနွယ်လေးတွေ မရှိတော့ဘူး
သဝန်တိုခဲ့တဲ့ ကိုယ်သင်းနံ့လေး မရှိတော့ဘူး
တကယ်တော့.. ညီမလေးနှင်းရေ...
ကိုယ့်ဆောင်းတွင်းမှာ နှင်းပျောက်သွားတာ ကြာပါပြီကွယ်...။
ကျော်ဦး (လှိုင်)
အရှိန်အဟုန် ခပ်ပြင်းပြင်းအတိတ်တွေနဲ့
နှလုံးသားတစ်ခုဆီ တသွင်သွင်စီးနေခဲ့
ဒီဇင်ဘာ နိမိတ်ဆိုးတွေက
မကာရ ရဲ့ ရာသီစာတဲ့လား ညီမလေးနှင်းရေ
မျက်စိတစ်မှိတ်ဆိုတဲ့ ကာလလေးတစ်ခု
လူတစ်ချို့ကို မျက်ကွယ်ပြုပြီးတော့
ဖြူစင်မှုတွေကို စားသုံးခဲ့ကြဖူးတယ်လေ
ညီမလေးနှင်းရေ......
အဲဒီအပျိုဖော်ဝင်စ ဆောင်းကပြည့်စုံနေခဲ့ပေါ့
အဲဒီနေ့က မိုးတွေရွာတယ် ညီမလေးနှင်းရေ
ဆောင်းရဲ့သခင် နှင်းတွေပျောက်ခဲ့ခြင်းနောက်
အရောင်မွဲနေတဲ့ မျက်နက်ဝန်းနဲ့
တဆတ်ဆတ်တုန်နေတဲ့ ဖြူစွတ်စွတ်နုတ်ခမ်း
ဘုရားသခင်ရဲ့ မတရားမှုအောက်မှာ
နုတ်ဆက်စကားတွေ ဆိုချင်သတဲ့လားကွယ်
ဟုတ်တယ် ညီမလေးနှင်းရေ...
ဒီနှစ်ဆောင်းလည်း မိုးသက်မုန်တိုင်းကျခဲ့ပေါ့
အလွမ်းတွေ စီတန်းလို့နေရာယူပေမယ့်
ကျန်နေတဲ့ အသက်ဓါတ်လေးအတွက်
ဆက်လက်ရှင်သန်နေရဦးမယ်လေ
ဒါပေမယ့်.. ညီမလေးနှင်းရယ်
ဒီဆောင်းက မုဆိုးဖိုဆန်လွန်းနေတယ်ကွယ်
ညီမလေးနှင်းရေ...
အေးစက်စက် ထုံကျင်ကျင် အမှတ်တရတွေနဲ့
ကိုယ့်ရဲ့ဆောင်းတွင်းက ခေတ်ပျက်နေခဲ့ပေါ့
အဲဒီဆောင်းမှာ.. ရင်ငွေ့နွေးနွေးမရှိတော့ဘူး
ထိုင်နေကျ ခုံတန်းလေး မရှိတော့ဘူး
အနမ်းတစ်ခုလွမ်းနေတဲ့ ဆံနွယ်လေးတွေ မရှိတော့ဘူး
သဝန်တိုခဲ့တဲ့ ကိုယ်သင်းနံ့လေး မရှိတော့ဘူး
တကယ်တော့.. ညီမလေးနှင်းရေ...
ကိုယ့်ဆောင်းတွင်းမှာ နှင်းပျောက်သွားတာ ကြာပါပြီကွယ်...။
ကျော်ဦး (လှိုင်)
အစိမ်းသက်သက် စီးချင်းထိုးခံရခြင်း
ရင်ဘတ်ထဲက ထွက်ကျလာတဲ့အနာက
ကျနော့်ကို သွေးမထွက်ပေမယ့် မျက်ရည်မတိတ် စေခဲ့ပါဘူး
စပါးလုံးတစ်ထောက်စာ ရင်ဘတ်အနာ တိုက်စားမှုက
ဘဝတစ်ခုလုံးကို ချုပ်ရိုးကျဲကျဲနဲ့ အစိမ်းချုပ်ချုပ်လိုက်တယ်
ချုပ်ရိုးတစ်ချက်ဖြည်တိုင်း သုညတစ်လုံးစီထွက်ကျလာခဲ့ပေါ့
စကားလုံးတွေကို ဈေးမကောင်းတဲ့ခေတ်မှာ
ဈေးမဆစ်တတ်တော့ တပန်းရှုံးတာက အယုံသွင်းခံရတယ်
သေလောက်အောင်လွမ်းပေမယ့် လျစ်လျူရှုတဲ့ ကြည်စားမှုက
သူမအတွက်တော့ စိတ်ကျေနပ်စရာ ကောင်းနေမှာပေါ့လေ
ငါ့ရဲ့ ကလီယိုပက်ထရာလေးရေ......
ငါ့ကို အဆိပ်ခပ်ပြင်းပြင်းတစ်ခွက် စပ်ပေးစမ်းကွယ်
ငါလည်း တစ်ခါတစ်လေ မိုက်မဲခဲ့ပါတယ်
အိပ်မက်ဆန်တဲ့ခံစားမှုတွေနဲ့ အသက်ရှူသံတီးတိုးနဲ့
အသွားပြောင်းပြန် ဓါးတစ်လက်နဲ့ အေးစက်စက်အပြုံး
တပ်မက်စရာ ရယ်သံချိုချိုနဲ့ နှလုံသားကို ရစရာမရှိအောင်မျှားနေခဲ့
စကားတွေနဲ့တော့ စစ်ထိုးမနေပါနဲ့တော့လေ....
ကိုယ်တို့ငြိမ်းချမ်းရေးလေး အသက်ငင်နေတာ သနားစရာကွယ်...။
ကျော်ဦး (လှိုင်)
ကျနော့်ကို သွေးမထွက်ပေမယ့် မျက်ရည်မတိတ် စေခဲ့ပါဘူး
စပါးလုံးတစ်ထောက်စာ ရင်ဘတ်အနာ တိုက်စားမှုက
ဘဝတစ်ခုလုံးကို ချုပ်ရိုးကျဲကျဲနဲ့ အစိမ်းချုပ်ချုပ်လိုက်တယ်
ချုပ်ရိုးတစ်ချက်ဖြည်တိုင်း သုညတစ်လုံးစီထွက်ကျလာခဲ့ပေါ့
စကားလုံးတွေကို ဈေးမကောင်းတဲ့ခေတ်မှာ
ဈေးမဆစ်တတ်တော့ တပန်းရှုံးတာက အယုံသွင်းခံရတယ်
သေလောက်အောင်လွမ်းပေမယ့် လျစ်လျူရှုတဲ့ ကြည်စားမှုက
သူမအတွက်တော့ စိတ်ကျေနပ်စရာ ကောင်းနေမှာပေါ့လေ
ငါ့ရဲ့ ကလီယိုပက်ထရာလေးရေ......
ငါ့ကို အဆိပ်ခပ်ပြင်းပြင်းတစ်ခွက် စပ်ပေးစမ်းကွယ်
ငါလည်း တစ်ခါတစ်လေ မိုက်မဲခဲ့ပါတယ်
အိပ်မက်ဆန်တဲ့ခံစားမှုတွေနဲ့ အသက်ရှူသံတီးတိုးနဲ့
အသွားပြောင်းပြန် ဓါးတစ်လက်နဲ့ အေးစက်စက်အပြုံး
တပ်မက်စရာ ရယ်သံချိုချိုနဲ့ နှလုံသားကို ရစရာမရှိအောင်မျှားနေခဲ့
စကားတွေနဲ့တော့ စစ်ထိုးမနေပါနဲ့တော့လေ....
ကိုယ်တို့ငြိမ်းချမ်းရေးလေး အသက်ငင်နေတာ သနားစရာကွယ်...။
ကျော်ဦး (လှိုင်)
Subscribe to:
Posts (Atom)